ဖလမ်း ၂၁ ဇူလိုင်  


 
ဖလမ်းမြို့ မြို့ပြစီမံကိန်းအတွင်း မြေကွက် (၂၄၇) ကွက်ကို ပြည်သူများထံ ရောင်းပေးနိုင်ရေး ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ဖလမ်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညိှနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၀ ရက် ညနေပိုင်းက ဖလမ်းမြို့ တောင်ဇလပ်ရိပ်သာခန်းမ၌ ပြုလုပ်သည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်တို့က အမှာစကားပြောကြားကြသည်။ ထို့နောက် ဖလမ်းမြို့ စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးဒါရ်လျန်အုပ်က မြေကွက်ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက အသီးသီးဆွေးနွေးခဲ့ကြသည်။

 

ဖလမ်းမြို့ တလန်လိုရပ်ကွက်နှင့် ကျင်မွာလ်ရပ်ကွက်များတွင် လမ်းဖောက်ထားပြီးသည့် မြေကွက်(၂၄၇) ကွက်ကို အကျယ်အဝန်း ပေ(၈၀×၆၀) ပထမတန်းကို ငွေကျပ် သိန်း(၃၀)၊ ဒုတိယတန်းကို ငွေကျပ် သိန်း(၂၀)၊ တတိယတန်းကို ငွေကျပ် (၁၀)သိန်းဖြင့် ပြည်သူများကို မဲနှိုက်စနစ်ဖြင့် ရောင်းချပေးရန်နှင့် အဆိုပါ မြေနေရာများကို အစိုးရထံ လှူဒါန်းခဲ့ကြသည့် ဆွန်တလာကျေးရွာနှင့် စီဇာမွာလ်ကျေးရွာများကို တစ်ရွာလျှင် မြေကွက် (၁၀) ကွက်စီဖြင့် မဲနှိုက်ပေးကာ အခမဲ့ချထားပေးရန် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်