ထန်ပါခွေ   ၂၁  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါ‌ခွေမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် ဇူလိုင် ၂၁ ရက်မှစတင်ကာ ဒသမတန်း သင်ရိုးသစ်၊ သင်ရိုးဟောင်း အထက်တန်းအဆင့် အတန်းများ စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

 

ကျောင်းပြန်လည်ဖွင့်လှစ်ရာတွင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများ၏ ညွှန်ကြား ချက်များ၊ လမ်းညွှန်ချက်များ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်လျှက်ရှိကြောင်း ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-11 အဆင့် ကျောင်းအပ်လက်ခံထားသူ ၁၁ ဦးရှိပြီး ကျောင်းလာတက်သူ ၉ ဦးနှင့် Grade- 10 အဆင့်ကျောင်းအပ်လက်ခံထားသူ ၁၅ ဦးရှိပြီး ကျောင်းလာတက်သူ ၉ ဦး ရှိကြောင်း၊ ၁ ရက်လျှင် နံနက် ၃ ချိန်၊ ညနေ ၂ ချိန် စုစုပေါင်း ၅ ချိန် သတ်မှတ်ထားကြောင်း၊ မူလတန်း၊ အလယ်တန်းအဆင့်အတန်းများကို ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ် ဆရာကြီး ဦးဘိုးအောင်က ပြောသည်။

 

ဟန်ထွန်း(အင်းဝ)