ခင်ဦး  ၂၁  ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဆောင်ရွက်ထားရှိမှု (A) အဆင့်ရရှိသော အခြေခံပညာ အထက်တန်းကျောင်း (၆) ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၈) ကျောင်းနှင့် ဘော်ဒါမပါ ကိုယ်ပိုင်ကျောင်း (၅) ကျောင်းကို ဇူလိုင်လ ၂၁ ရက် နံနက် ၈ နာရီက စတင်၍ သင်ကြားနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

 

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသို့လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းတာခြင်း၊ စာသင်ခန်းအတွင်းသို့ ဝင်လျှင် လက်ဆေးစေခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ Face shield များတပ်ဆင်ပြီး တစ်ဦးနှင့်တစ်ဦး သုံးပေကွာမှ စာသင်စေခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)