သံတောင်ကြီး ၂၁ ဇူလိုင်

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်သည်။

 

ရှေးဦးစွာ ကရင်ပြည်နယ် မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ပြာက မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့၊ မျိုးဆံများ စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ မျိုးစေ့ထုတ်လုပ်ငန်း လုပ်ကိုင်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် သတ်မှတ်ချက်များ၊ မျိုးကွဲနုတ်ပယ်ခြင်းနှင့် ခေါင်းနှံရွေးချယ်ခြင်း နည်းပညာများအား အသိပညာပေးဆွေးနွေးပြီး တက်ရောက်လာသည့် ဝန်ထမ်းများက မျိုးစေ့နည်းပညာဆိုင်ရာ ဆောင်ရွက်မည့်လုပ်ငန်းများအား အပြန်အလှန်ဆွေးနွေးခဲ့သည်။

 

အဆိုပါ မျိုးစေ့နည်းပညာဆိုင်ရာ ဆွေးနွေးပွဲသို့ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ပြာနှင့် ဝန်ထမ်းများက ပျားစခန်းကျေးရွာရှိ တောင်သူ ဦးစောဘဲလာ၏ ဆင်းသုခစပါးမျိုးစေ့ထုတ် စိုက်ခင်းတွင် မျိုးကွဲနုတ်ပယ်ခြင်း နည်းပညာအား လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)