နေပြည်တော် ၂၁ ဇူလိုင်

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း Coronavirus Disease (COVID-19) ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ် ကုသမှုပေးနိုင်ရေးအတွက် လိုအပ်သည့် အထောက်အကူ ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

လှူဒါန်းပွဲတွင် K K Myanmar Business Group မှ ဦးကိုကိုလတ်က Face Sheild (၅၀၀)ခု (တန်ဖိုးငွေ ၆၅၀၀၀၀ ကျပ်) ကို လှူဒါန်းကြရာ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးတင်ထွန်းနှင့် တာဝန်ရှိသူများက လက်ခံကြသည်။

 

အဆိုပါပစ္စည်းများအား နေပြည်တော်ကောင်စီမှတစ်ဆင့် နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ကာ လိုအပ်သည့်နေရာများတွင် ဖြန့်ဝေအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)

 

mdn