ရန်ကုန် ၂၁ ဇူလိုင်

 

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ်(၁၀)ရပ်ကွက် လမ်း ၅၀ Bachelor မိသားစုများက ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ပန်းဥယျာဉ်ဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ တိုင်းအရန်ရဲရိပ်သာ ကင်းအဖွဲ့တို့မှ ဝန်ထမ်းမိသားစုများ၊ အငှားယာဉ်မောင်းများ၊ အနှေးယာဉ်လုပ်သားများနှင့် အခြေခံလူ တန်းစားများအား ကိုဗစ်-၁၉ ကာလအတွင်း ကူညီထောက်ပံ့ခြင်း အစီစဉ်အဖြစ် ငွေကျပ် သိန်း ၂၀ တန်ဖိုးရှိ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာ၊ ကြက်သွန်များကို စတုတ္ထအကြိမ်အဖြစ် ယနေ့ညနေပိုင်းတွင် လမ်း ၅၀ ထိပ်၌ လှူဒါန်းခဲ့သည်။

 

လှူဒါန်းပွဲတွင် ဦးဆောင်လှူဒါန်းသူ ဦးစိုးမြင့်က “ကိုဗစ်ကာလမတိုင်ခင်ကတည်းက ရပ်ကွက်အတွင်းမှာ အလှူရှင်တွေ စုပေါင်းပြီးတော့ လစဉ် စတုဒိသာ အကျွေးအမွေးများ လှူဒါန်းခဲ့ပါတယ်၊ အခု ကိုဗစ်ကာလမှာလည်း အခြေခံစားသောက်ကုန်များကို မေ ၂၃ ရက်နေ့က ပထမအကြိမ်၊ ဒုတိယအကြိမ်ကို ဇွန် ၇ ရက်နေ့၊ တတိယအကြိမ်ကို ဇွန် ၂၇ ရက်နေ့က   လှူဒါန်းခဲ့ပါတယ်၊ နောက်ထပ် ရက်သတ္တပတ် သုံးပတ်တစ်ခါ လှူဒါန်းသွားဖို့ရှိပါတယ်၊ ယခုလို လှူဒါန်းရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပီတိဖြစ်မိပါတယ်ဟု ပြောသည်။

 

သတင်း/ဓာတ်ပုံ- ဥမ္မာ