နေပြည်တော် ၂၁ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် ဇူလိုင် ၂၀ ရက် နံနက် ၆ နာရီခွဲက ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ပေါက်မြိုင်ကျေးရွာပါ ၃ ရွာမှ အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၂၆၁ ဦး၊ နွား ၂၂၈ ကောင်တို့သည် ကုန်းမြင့်ပိုင်းရှိ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း။

 

အလားတူ မွန်းလွဲ ၂ နာရီခွဲတွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာ၌ ရေအနက် ၁ ပေ ၃ လက်မခန့် ဝင်ရောက်လျက်ရှိသဖြင့် အိမ်ထောင်စု ၅ စု၊ လူဦးရေ ၁၄ ဦးတို့သည် ၎င်းတို့၏ နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ခေတ္တပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား

 

mdn