နေပြည်တော် ဇူလိုင် ၂၂

မြန်မာ့ယဉ်ကျေးမှုသုခုမအနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းပဲအထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂ဝဝ ကျပ်တန်) တစ်မျိုး အား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၄) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၅) ရက် (သောကြာနေ့)၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချ ပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက် ကြီးတို့တွင် ဇူလိုင် ၂၄ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ် ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover)များ ပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်