တနိုင်း ၂၂ ဇူလိုင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဇော်အောန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သက်ပိုင်မှ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းကြေညာရာတွင် ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ လုပ်ဆောင်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးရာတွင် မဲစာရင်း ကြေညာချိန်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဆောင်ရွက်ရမည့် အချက်များ၊ မဲစာရင်းကြေညာချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များထံမှ အကူအညီ ရယူဆောင်ရွက်ရန်အချက်များ၊ တောင်းဆိုမှုဆောင်ရွက်နိုင်သော အကြောင်းအရာ(၃)မျိုး၊ တောင်းဆိုမှု များ ဆောင်ရွက်ခြင်း၊ တောင်းဆိုမှုများစိစစ်ဆောင်ရွက်ခြင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)


