နေပြည်တော် ၂၂ ဇူလိုင်

 

နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

 

အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ပုံစံဖြင့် အမျိုးသား (၅၇၄၆) ဦး၊ အမျိုးသမီး (၉၅၂၀) တို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း (၁၅၂၆၆) ဦးချုပ်ဆိုခဲ့သည်။ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း လက်ခံရရှိမှု (၂၃၁)မှုတွင် အခြားဌာနသို့ လွှဲပြောင်းမှု (၅)မှု၊ ကျေအေးမှု (၂၄)မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု (၅၃)မှု၊ ပိတ်သိမ်းမှု (၂၂)မှု၊ ငွေကြေးအကျိုးခံစားခွင့် (၇၉)မှုနှင့် လက်ကျန်အမှု (၄၈)မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ (၇၆၅)ဦးအား ငွေကျပ် ၃၅၈,၅၉၈,၆၂၄ ကို ခံစားခွင့်ရရှိစေခဲ့သည်။

 

အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေ မရရှိမှုများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၅၀၀၀ ကျော် ကိုခံစားခွင့်ပေးနိုင်ခဲ့သည်။

 

အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင် (၃၃)မှုနှင့် ခုံသမာဓိကောင်စီတွင် (၂၂)မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ် သိန်းပေါင်း ၇၇၀၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၁၁၃၀ အတွက် ဆေးဖိုးကုန်ကျငွေကျပ်သိန်း ၁၃၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။

 

အာမခံအလုပ်သမားများအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း အလုပ်သမားဆေးရုံကြီးများ၊လူမှုဖူလုံရေး ဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေများမှာ အလုပ်သမားဆေးရုံကြီး (၃)ရုံ (ပြင်ပလူနာ ၆၄၄၆ ဦး၊ အတွင်းလူနာ ၄၆၃ ဦး)တွင် ၆၉၀၉ ဦး၊ လူမှုဖူလုံရေးဆေးခန်း (၉၆)ခန်း၊ တိုင်းရင်းဆေးခန်း (၁)ခန်း၊ ဌာနကြီးဆေးခန်း (၅၉)ခန်းနှင့် လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း (၁၂)ခန်းနှင့် PPS စနစ်ဖြင့် စာချုပ် ချုပ်ဆိုထားသည့်ဆေးခန်း (၇)ခန်းတို့မှ ဆေးကုသပေးမှုအနေဖြင့် ၈၈၈၅၆ ဦး၊ လူမှုဖူလုံရေးဆေးခန်းများမှ ဆရာဝန်များ ကွင်းဆင်းဆေးကုသမှု (၁၃)ကြိမ်မှ ၁၃၆ ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်