မကွေး ၂၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦသစ်တွင် ယနေ့ နံနက် ၅ နာရီခွဲက အဆိုပါရုံးအပေါ်ထပ်၌ သံဃာတော် (၅)ပါးပင့်ဆောင်၍ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူကြပြီး ဆရာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်ခဲ့ကြသည်။
အဆောက်အဦသစ်ဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးစိုးထွဋ်ဦးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ခွင့်ရရှိခဲ့သည့် ငွေတိုးဝေ ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၄ ရက်တွင် အဆောက်အဦအားလုံး ပြီးစီးခဲ့ကြောင်း သိရသည်။
ရုံးသစ်အဆောက်အဦဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)


