၂၃ ဇူလိုင်

 

 

တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ကူးစက် ကပ်ရောဂါ ကူးစက်မှု တဖြည်းဖြည်း တိုးလာနေပြီးနောက် ရောဂါကူးစက်မှုသည် ၁၅ သန်းအထိ ရောက်ရှိလာခဲ့သည်။

 

 

ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၁၅၀၁၆၄၄၀ သို့ ရောက်ရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၁၈ နာရီတွင် ထုတ်ပြန်သော ရလဒ်များအရ သိရှိရသည်။

 

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှုက အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး ကူးစက်မှုသစ်မှာ ၁၅ သန်းကျော် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

 

 

တစ်နေ့ထက်တစ်နေ့ ရောဂါကူးစက်မှုများမှာ ဇူလိုင်လအတွင်း တိုးလာခဲ့ပြီးနောက် ဇူလိုင်လ ၁၆ ရက် တစ်ရက်အတွင်း ရောဂါဖြစ်ပွားသူပေါင်း ၂၅၀၀၀၀ သို့ ရောက်ရှိခဲ့သည် ။

 

 

ဘရာဇီးနှင့် အမေရိကန်နိုင်ငံတို့တွင် ဗိုင်းရပ်စ် ကူးစက်ရောဂါများ တိုးမြှင့်လာခြင်းမှာ စီးပွားရေး လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ကူးစက်မှုများ တိုးလာခြင်းဖြစ်သည်။

 

 

နိုင်ငံများစွာ အနေဖြင့် လမ်းမှားသို့ ဉီးတည်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့အာနန်ဂူဘာရက်က ဇူလိုင် ၁၃ ရက်နေ့က ပြောကြားခဲ့သည်။

 

 

အကယ်၍ အစိုးရများ အနေဖြင့် ဖုံးဖိထားပြီး လူအများကို ကယ်တင်ရန်အတွက် ပြည့်စုံသည့် ထုတ်ပြန်ချက်ကို မထုတ်ပြန်လျှင် ကူးစက်ရောဂါမှ ပိုမိုဆိုးရွားလာနိုင်ကြောင်း ၎င်းက ထပ်မံသတိပေး ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်