ချောင်းဆုံ    ၂၃  ဇူလိုင်    

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အထက်တန်းကျောင်းများရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် နိုင်ရန်အတွက် ချောင်းဆုံမြို့နယ်ရှိ ရွှေကျွန်သာကွန်ယက်အဖွဲ့မှ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် က ကရင်ဝင်းစိန်(အ.ထ.က)(ခွဲ)၊ ရွာလွတ်(အ.ထ.က)၊ ကမာမို(အ.ထ.က)(ခွဲ)၊ ကွမ်ရိုက်(အ.ထ.က)(ခွဲ) ကျောင်း တို့တွင် ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများအား Face shield ၊ နှာခေါင်းစည်း (Mask) များနှင့်  ကာပေါ်လိပ်ဆပ်ပြာများ အမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိသည့် (အ.ထ.က)နှင့်(အ.ထ.က)(ခွဲ) (၁၀) ကျောင်းတို့အား ဇူလိုင် ၂၈ ရက်နေ့ထိ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

 

ထူးအိမ်(ပြန်/ဆက်)