မြင်းမူ ၂၃ ဇူလိုင်
၂၀၂၀ ပြည့်နှစ်၊ ပါဠိပထမပြန် သံဃာစာမေးပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်းတွင် ဇူလိုင်လ(၁၅)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဇူလိုင်လ(၂၂)ရက်နေ့၊ ညနေ (၃) နာရီတွင် ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ်ကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲသို့ မြင်းမူမြို့ပေါ်ရပ်ကွက် အသီးသီးရှိစာသင်တိုက်များဖြစ်သည့် ပဇ္ဇောတာရုံ စာသင်တိုက်၊ ကျောင်းသစ်ကျောင်းတိုက်၊ မင်းကျောင်းစာသင်တိုက်နှင့် စွန်းလွန်းကျောင်း စာသင်တိုက်အသီးသီးမှ စာသင်သံဃာတော်များဖြစ်ပြီး ပထမကြီးတန်းတွင် ဝင်ရောက်ဖြေဆိုသူ (၁၉)ပါး၊ ပထမလတ်တန်းတွင် ဝင်ရောက်ဖြေဆိုသူ(၁၂)ပါး၊ ပထမငယ်တန်းတွင် ဝင်ရောက်ဖြေဆိုသူ (၇) ပါးနှင့် အခြေပြုမူလတန်းတွင် ဝင်ရောက်ဖြေဆိုသူ(၄)ပါးရှိကြောင်းနှင့် လူပုဂ္ဂိုလ်နှင့် သီလရှင်ဝင်ရောက်ဖြေဆိုသူ မရှိကြောင်း မြို့နယ်သာသနာရေးဦးစီးမှုး ဦးသီဟဇော်ထံမှသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


