လှိုင်းဘွဲ ၂၃ ဇူလိုင်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တကူးဆိပ်ကျေးရွာတွင် ဖူးစားပြောင်းအတွင်း Faw ငမြှောင်တောင်ပိုးကာကွယ် နှိမ်နှင်းရေးနည်းလမ်းများ တောင်သူပညာပေးခြင်းနှင့် Faw ငမြှောင် တောင်ပိုး ကျရောက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖူးစားပြောင်းအတွင်း Faw ငမြှောင် တောင်ပိုးကျရောက်မှု ထိန်းချုပ်ကာကွယ်ရန်အတွက် Faw ငမြှောင်တောင်ပိုး ဖျက်ဆီးမှု ရှိ/မရှိ ကင်းထောက်စစ်ဆေးခြင်း၊ အဖိုဆွဲဆောင်ထောင်ချောက်အသုံးပြုပုံ၊ စစ်ဆေးတွေ့ရှိချက်အပေါ် မှတ်တမ်းများ ဖြည့်သွင်းခြင်း၊ တွေ့ရှိချက်မှတ်တမ်းများအပေါ် တောင်သူများအား သုံးသပ်ဆွေးနွေး ခြင်းနှင့် ဆက်လက်လုပ်ဆောင်ရမည့်နည်းလမ်းများကို တောင်သူများအား အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


