စစ်ကိုင်း ၂၃ ဇူလိုင်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စစ်ကိုင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တိုက်နယ်/ ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများ အချိန်မီကြည့်ရှုနိုင်ရေးအတွက် ဇူလိုင်(၂၃)ရက်၊ နံနက် (၉)နာခွဲက မဲဆန္ဒရှင်မဲစာရင်းများ ထုတ်ပေးခဲ့ကြောင်းသိရသည်။
"စစ်ကိုင်းမြို့နယ် အတွင်း တိုက်နယ်/ ကျေးရွာများမှာရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေ အချိန်မီကြည့်ရှုနိုင်ဖို့ ဇူလိုင်(၂၅)ရက်နေ့ကစပြီး ကြော်ငြာကပ်ထားပေးသွားမှာပါ (၁၄)ရက် ကပ်ထားပေးမှာပါ ပြည်သူတွေအနေနဲ့ သွားရောက်ကြည့်ရှုကြပါ မိမိတို့ရဲ့ အမည်စာရင်းမပါရှိခဲ့ရင် ပုံစံ(၃)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် အမှားပြင်ဆင်လိုပါက ပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် ပါဝင်နေသည့် ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ ပတ်သက်၍ ကန့်ကွက်လိုပါကလည်း ပုံစံ(၄)(ဂ)ဖြင့် အချိန်မီ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးသို့ လျှောက်ထားရပါ့မယ် လုပ်ငန်းစဉ်အားလုံးကိုတော့ လုပ်ထုံး/ လုပ်နည်း/ ဥပဒေ/ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်လုပ်ကိုင်သွားမှာပါ" ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်သန်းက ပြောပြ၍သိရသည်။
စစ်ကိုင်းမြို့နယ်တွင် မဲဆန္ဒနယ်အမှတ်(၁)မှ မဲရုံပေါင်း(၈၂)ရုံ၊ အိမ်ထောင်စု(၃၂၉၁၃)စု၊ ကျား (၅၂၆၂၃)ဦး၊ မ(၆၁၅၂၄)ဦး၊ စုစုပေါင်း(၁၁၄၁၄၇)ဦး ရှိပြီး မဲဆန္ဒနယ် အမှတ်(၂)အနေဖြင့် မဲရုံပေါင်း (၈၁)ရုံ၊ အိမ်ထောင်စု(၃၄၁၆၅)စု၊ ကျား(၅၃၁၈၄)ဦး၊ မ(၆၃၈၄၅)ဦး၊ စုစုပေါင်း(၁၁၇၀၂၉)ဦး ရှိကြောင်းသိရသည်။
ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)


