ညောင်တုန်း ၂၃ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အသုံးပြုရန် မဲဆန္ဒရှင် စာရင်းနှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းနှင့် မဲရုံသုံးပစ္စည်းများဖြစ်သည့် မဲဆန္ဒရှင်စာရင်း (၃) စုံ၊ ဗီနိုင်း (၁) ခု၊ သုံးထပ်သား ကြော်ငြာသင်ပုန်းနှင့် မဲစာရင်းကပ်ရာတွင် ဆောင်ရွက်ရမည့်ပုံစံများကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဖီးလစ်သောင်းရွှေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သန်းသန်းစိုးနှင့် တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိရာ ရပ်ကွက်/ကျေးရွာအုပ်စု ၂၈ အုပ်စုမှ လာရောက် ထုတ်ယူခဲ့ကြပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာအုပ်စု ၂၆ အုပ်စုတို့အား ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


