ကာမိုင်း ၂၃ ဇူလိုင်

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူဇွပ်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေနှင့် မိုးကောင်းချောင်းရေ မြင့်တက်လာပြီး လူနေအိမ်များတွင် ရေများ ဝင်ရောက်ခဲ့သဖြင့် ယာယီရွှေ့ပြောင်းထားသည့် မိသားစုဝင်များအား အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ယမန်နေ့ နေ့လယ်ပိုင်းက အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆေးကုသပေးရာ၌ ကာမိုင်းတိုက်နယ်ဆေးရုံမှ ဒေါက်တာအောင်မျိုးထက် ဦးဆောင်သည့် အဖွဲ့နှင့် ဘန်ကောက်တိုက်နယ်ဆေးရုံ၊ လဝါးကျေးလက်ကျန်းမာရေးဌာနှင့် ရှဒူဇွပ်ကျေးလက် ကျန်းမာရေးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ကုသပေးခဲ့သည့် ရောဂါများမှာ သွေးတိုးရောဂါ(၃၅)ဦး၊ နှာစည်း/ချောင်းဆိုး(၁၅)ဦးနှင့် အထွေထွေရောဂါ(၂၀)စသည် စုစုပေါင်းလူနာ(၆၅)ဦးတို့ကို အခမဲ့ စမ်းသပ်ကုသပေးခဲ့သည်။

 

ဇွဲသူရအောင်(ကာမိုင်း ပြန်/ဆက်)

 

mdn