နေပြည်တော် ၂၃ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ မြို့မရပ်ကွက်ပါ ရပ်ကွက်/ကျေးရွာ ၈ ခုတို့၌ ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်က ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေများဝင်ရောက်လျက်ရှိသဖြင့် အိမ်ထောင်စု ၄၇ စု၊ လူဦးရေ ၂၄၈ ဦးသည် ၎င်းတို့ကျေးရွာများရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများနှင့် နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ခေတ္တပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်း။

 

အလားတူ ညနေ ၅ နာရီတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ထီးချိုင့်မြို့နယ် အမှတ်(၄) ရပ်ကွက်၌ ရေများဝင်ရောက်လျက်ရှိသဖြင့် အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၅၀ ဦးသည် ၎င်းရပ်ကွက် ရွှေစည်းခုံဘုန်းကြီးကျောင်းသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား