နေပြည်တော် ၂၃ ဇူလိုင်
ပြည်ထောင်စုရှေ့နေချုပ်ရုံး မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက ကျွန်း၊ ပျဉ်းမ၊ မြန်မာကုက္ကို၊ ငုဝါ၊ မယ်ဇလီ၊ စိန်ပန်း၊ ပဲချယ်ရီ၊ ကံ့ကော်၊ ခရေ စသည့် အရိပ်ရပင်များနှင့် သရက်၊ ပိန္နဲ၊ ဖန်ခါး၊ သံပရာ၊ ကြောင်လျှာ စသည့် သီးပင်စားပင် ၂၅၀ ခန့်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဖွဲ့သည် ရုံးရှေ့လျှိုပိတ်ဆည်အတွင်းသို့ ငါးကြင်းသားပေါက် ကောင်ရေ ၅၀၀၀ ကို ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


