နေပြည်တော် ၂၃ ဇူလိုင်
အာရှ - ပစိဖိတ် ရုပ်သံလုပ်ငန်းများအဖွဲ့အစည်း (ABU) မှ IT and Networking Basic for Broadcast Engineers သင်တန်းကို ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းက Online Webinar ဖြင့်ဆွေးနွေးပို့ချရာ MRTV ရှိ စက်မှုဌာနခွဲမှ ဝန်ထမ်း(၂၁)ဦး တက်ရောက်ကြသည်။
သင်တန်းတွင် Turkish Radio and Television Coorporation (TRI) တွင် (၂၂)နှစ်ကြာ အတွေ့အကြုံရှိသည့် ကျွမ်းကျင်သူ Dr.Veyselbinbay (Senior Engineer) က ရုပ်သံထုတ်လွှင့်သည့် နယ်ပယ်တွင် အခြေခံကျသည့် ကွန်ပျူတာ အသုံးပြုမှုနှင့် ကွန်ရက်ချိတ်ဆက်ခြင်း၊ Application အသုံးပြုမှုများ၊ Cloud Computing Concepts များ၊ Virtualisation နှင့် IP Network ဆိုင်ရာများကို မိတ်ဆက်ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
လဲ့ယဉ်မြင့်


