နေပြည်တော်  ၂၄  ဇူလိုင်

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီရုံး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ သတ်မှတ်နေရာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 

222

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သပြေပင်ကို စိုက်ပျိုးပေးပြီး နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။

 

333

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

444

 

ယနေ့ကျင်းပသည့် နေပြည်တော်ကောင်စီရုံး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် သပြေ၊ သစ်ဆိမ့်၊ ဆီသပြေ၊ မအူလက်တံတို၊ မအူလက်တံရှည်၊ စိန်ပန်း၊ ငုစပ်၊ စစ်၊ ပျဉ်းမ၊ မယ်ဇယ်နှင့် ဗန်ဒါ စသည့် ပျိုးပင်မျိုးစုံ စုစုပေါင်း ၂၁၉ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

(ရွှေကုက္ကို)

 

99