ဆော  ၂၄  ဇူလိုင်

ဂန့်ဂေါခရိုင်၊ ဆောမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများကို ဆောမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအဖွဲ့မှ ယမန်နေ့က လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ဆောမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအဖွဲ့မှ လက်ဆေးရန် ဘေစင် (၅)ခုနှင့် လက်သန့်ဆေးရည်၊ ပိုးသတ်သန့်စင်ရန် လိုအပ်သည့်ပစ္စည်းများဖြစ်သော ကလိုရင်း ဆေးဖျန်းပုံး၊ ဆေးရည်၊ PPE ဝတ်စုံ၊ လက်အိတ်များ၊ နှာခေါင်းစည်းများအား ကျောင်အုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)