မိုးမိတ် ၂၄  ဇူလိုင်

မိုးမိတ်မြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၅၉၇)စုအား ပထမအကြိမ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့်  ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းက နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် ပထမအကြိမ်အဖြစ် ဧပြီ ၁၁ ရက်နေ့တွင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စသည့် ထောက်ပံ့ပစ္စည်းငါးမျိုးကို အိမ်ထောင်စုပေါင်း ၂၁၅၃ စုကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇွန် ၃၀ ရက်နေ့တွင် အိမ်ထောင်စု ၄၄၄ စုအား အိမ်ထောင်စု တစ်စုလျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့်လည်းကောင်း  ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတို့က ပထမအကြိမ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့်  ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းအရာ များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)

 

01.jp