ပင်းတယ  ၂၄   ဇူလိုင်  

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး Forever Group မှ မန်နေဂျာ ဦးသူရိန်က ပစ္စည်းများ လှူဒါန်းပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်နှင့် ပညာရေးမှူး ဒေါ်ခင်မာစီတို့က လက်ခံရယူပြီး ပညာရေးမိသားစုကိုယ်စား မြို့နယ် အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယခုလှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ပစ္စည်းများကို အခြေခံပညာ အထက်တန်းကျောင်း ၉ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၇ ကျောင်း၊ စုစုပေါင်း ၁၆ ကျောင်းတို့အတွက် ခြေနင်းအမှိုက်ပုံး ၃၂ လုံး၊ ကိုယ်အပူချိန်တိုင်းစက် ၃၂ ခု၊ ခြေနင်းလက်ဆေး ဘေစင် ၃၂ ခုအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)