ညောင်ရွှေ ၂၄ ဇူလိုင်
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ဘက်ခြမ်းရှိ အင်းတိန်-မှော်ဘီလမ်း အင်းတိန် သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့အား တံတားတည်ဆောက်ရေး တံတားအထူး(၁၂)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်မှ တံတားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ညောင်ရွှေမြို့နယ် ခေါင်တိုင်-အင်းတိန်-တောင်တို-မှော်ဘီ (တုံဟုံးတံတား) လမ်း (မိုင် ၁၀/ ၆- ၃၆ /၆-၂၆/ ၀မိုင်) ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း စီမံကိန်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


