ကသာ ၂၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မွန်းလွဲ ၂ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် (၁၀၃၄) စင်တီမီတာသို့ ရောက်ရှိနေပြီး ကသာမြို့၏ စိုးရိမ်ရေမှတ် (၁၀၄၀) စင်တီမီတာသို့ နီးကပ်နေပြီဖြစ်ကြောင်း သိရသည်။
ကသာမြို့နယ်တွင် ကသာခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် (၁၀၃၁)စင်တီမီတာနှင့် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ (၁၀၃၃) စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ကသာမြို့၏ စိုးရိမ်ရေမှတ်သို့ တဖြည်းဖြည်းမြင့်တက်လျက်ရှိကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


