စစ်ကိုင်း ၂၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ် စားသုံးနိုင်ရေးနှင့် ငါးထုတ်လုပ်မူ တိုးတက်မြင့်မားလာစေရန်၊ ငါးသယံဇာတများ ပေါများလာစေရန် ရည်ရွယ်လျက် ဇူလိုင် ၂၄ ရက် နံနက် ၉နာရီတွင် ကျောက်မြောင်းမြို့ ရတနာသိင်္ခတံတားအနီး ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ခဲ့သည်။
ထိုသို့ ငါးမျိုးများ စိုက်ထည့်ရာသို့ ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှုး ဦးအောင်သန်းဦး၊ ကျောက်မြောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေဘိုငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဇော်ဝင်းအောင်နှင့် ၀န်ထမ်းများ၊ NGO များတက်ရောက်ကြပြီး ရွှေဘိုငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ တစ်သိန်း၊ ထိုင်းငါးခုံးမကြီးငါး သားပေါက်ကောင်ရေ တစ်သိန်း စုစုပေါင်းငါးသားပေါက်ကောင်ရေ နှစ်သိန်း မျိုးစိုက်ထည့်ခဲ့ကြောင်း ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
သတင်းစဉ်


