နေပြည်တော်  ၂၄   ဇူလိုင်

 

Doing Business ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။ 

 

အစည်းအဝေးတွင် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က IFC က ရေးဆွဲပေးပို့လာသည့် မြန်မာ့စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု လုပ်ငန်းစီမံ ချက် Myanmar Doing Business Action Plan 2020/2021 လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  သက်ဆိုင်ရာ အညွှန်းကိန်းများမှ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရမည့် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးရေးအတွက် ယခင်နှစ်အတွေ့အကြုံများ အပေါ် အခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ၍ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ Labour Market Regulations အညွှန်းကိန်း ဆိုင်ရာအထောက်အကူပြုအဖွဲ့မှ အချက်အလက်များကိုလည်း အများပြည်သူသိရှိရန် Website တွင် ဖော်ပြသွားရန်ဖြစ်ကြောင်း၊ Government Procurement (သို့မဟုတ်) Contracting Governance အညွှန်းကိန်းဖွဲ့စည်းရေးကိုလည်း ဆက်လက်ဆောင် ရွက်သွားရန်နှင့် Communication Plan အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြု အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ်များ၊ ကမ္ဘာ့ဘဏ်International Finance Corporation (IFC) မှ ကိုယ်စား လှယ်များ၊ Ease of Doing Business Task Force တို့မှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အကြံပြုဆွေးနွေးချက်များအပေါ် Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ကြောင်း  သိရသည်။

(သတင်းစဉ်)