မော်လမြိုင်ကျွန်း ၂၄ ဇူလိုင်

 

လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စုများတွင် ပထမ အကြိမ် ကပ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ ကြည့်ရှုနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် နေ့စဉ် နံနက် ၇ နာရီမှ ည ၉ နာရီအထိနှင့် ကျေးရွာများတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ၁၄ ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၁၀၈ အုပ်စု၌ မဲရုံ ၃၂၂ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကာ တစ်မြို့နယ်လုံး အနေဖြင့်  မဲပေးပိုင်ခွင့်ရှိသူ ကျား ၁ဝ၁၄၅၁၊ မ၁ဝ၈၁၂၁၊ စုစုပေါင်း ၂ဝ၉၅၇၂ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

 

သီတာအောင် (ပြန်/ဆက်)