ဟိုပုံး   ၂၄  ဇူလိုင်  

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ် ကွက်၊ နယ်မြေ(၄)တွင်  နေအိမ်အုတ်တံတိုင်း ပြိုကျသည့်နေရာတွင်  မြေထိန်းနံရံဆောင်ရွက် နေမှုလုပ်ငန်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက ယနေ့ ညနေ ၄ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အုတ်တံတိုင်းတည်ဆောက်ထားသည်မှာ နှစ် ကာလ ကြာမြင့်ခြင်း၊ ယခုကာလအတွင်း မိုးများအဆက်မပြတ် ရွာသွန်းခြင်းနှင့် ဟိုပုံး-ဆီဆိုင် ပြည်ထောင်စုလမ်းမကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လမ်းဘေး ရေနုတ်မြောင်းတူးဖော်ခြင်းများကြောင့် အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့သည်။ 

 

ထို့နောက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းများ၊ မြေထိန်းနံရံတည်ဆောင်မည့် လုပ်ငန်းများ၊ လမ်းနှင့်မလွတ်သည့်ဓာတ်တိုင်များ ရွှေ့ပြောင်းမည့်နေရာများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

နေမင်းထွန်း(ဟိုပုံး)