၂၄ ဇူလိုင်

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူစုစုပေါင်း ၃၀,၆၀၁ ရှိကြောင်း ဒီနေ့ (သောကြာနေ့) မှာ ထုတ်ပြန်ကြေညာချက်အရသိပါတယ်။ တစ်ချိန်တည်းမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅၀,၀၀၀ နီးပါးရှိကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

 

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူမှာ ဆဌမအများဆုံးဖြစ်ရာ အမေရိကန်၊ ဘရာဇီး၊ ဗြိတိန်၊ မက္ကဆီကိုနဲ့ အီတလီ နိုင်ငံတွေရဲ့ နောက်မှာ ရောက်ရှိနေပေမယ့် ရောဂါပိုးတွေ့ရှိသူ အရေအတွက်ဟာ တတိယ အများဆုံး ဖြစ်ကြောင်း သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၉,၃၁၀  နဲ့ သေဆုံးသူ ၇၄၀   ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁.၃ သန်းနီးပါးနဲ့  သေဆုံးသူ ၃၀,၆၀၁ ဦးရှိကြောင်း သိရပါတယ်။

 

အစိုးရရဲ့ ဗိုင်းရပ်စ်ပိုး သုတေသနအရ မြို့တော်ဒေလီမှာ နေထိုင်သူ လေးပုံတစ်ပုံမှာ ဗိုင်းရပ်စ်ပိုးရှိတဲ့အတွက် လက်ရှိထုတ်ပြန်ချက်ထက် အဆ ၄၀ နီးပါး များပြားနေကြောင်း သိရပါတယ်။

 

ဝန်ကြီးချုပ် မိုဒီက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ထိန်းချုပ်ရန် ကမ္ဘာမှာ အကြာရှည်ဆုံး အသွားအလာကန့်သတ်မှု ပြုလုပ်ခဲ့ပေမယ့် နိုင်ငံ့စီးပွားရေးထိခိုက်လာတဲ့တွက် ကန့်သတ်မှုတွေကို တဖြည်းဖြည်းနဲ့ ဖြေလျှော့ပေးခဲ့ပါတယ်။

 

ဒါပေမယ့် ဗိုင်းရပ်စ်ပိုးကူးစက်မှု များပြားတဲ့ ပြည်နယ်တွေမှာ အသွားအလာကန့်သတ်မှုတွေ ပြန်လည်ပြဌာန်းတာကို တွေ့ရပါတယ်။

 

လာမယ့် တနင်္လာနေ့ကစပြီး တောင်ပိုင်းရှိ ကီရာလာပြည်နယ်တစ်ခုလုံးကို  အသွားအလာ ပြန်လည်ကန့်သတ်မယ်လို့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။

 

MDN

ကိုးကား - AFP