နေပြည်တော် ၂၄ ဇူလိုင်
ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ သုံးဦး ထပ်မံတွေ့ရှိသဖြင့် ရောဂါပိုး ရှိသူ စုစုပေါင်း ၃၄၆ ဦးရှိပြီဖြစ်ကြောင်း၊ ၎င်းတို့မှာ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၃၄၆ ဦးအနက် သေဆုံးသူ ခြောက်ဦး၊ ပိုးမတွေ့ရှိတော့သူ စုစုပေါင်း ၂၈၆ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၆၉ ဦး ရှိကြောင်းနှင့် ဇူလိုင် ၂၃ ရက် မွန်းတည့် ၁၂ နာရီမှ ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
သတင်းစဉ်


