တာလေ ၂၅ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ဒေသထွက်သီးနှံဖြစ်သော သခွားမွှေးသီးများကို တောင်သူအချို့မှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ဆွတ်ခူးချိန်တွင် ဈေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေ ရရှိလျက်ရှိသည်။
သခွားမွှေးကို ဥယာဉ်ခြံနှင့် တောင်ယာစိုက်ခင်းများ၊ ပြောင်းစိုက်ခင်းများတွင် တောင်သူအချို့မှ စိုက်ပျိုးကြပြီး အသီးအရွယ်အစားပေါ် မူတည်၍ တစ်လုံးကို ထိုင်းဘတ်ငွေ (၂၀)မှ (၅၀)ဘတ်နှင့် တစ်ကီလို(၂၀) ဘတ်အထိ ရောင်းချရကြောင်း ပန်ချီဟက်ကျေးရွာရှိ သခွားမွှေးရောင်းချသူ တောင်သူတစ်ဦးထံမှ သိရသည်။
တာလေမြို့ဒေသထွက် သခွားမွှေးများကို ယခင်နှစ်များက ထိုင်းနိုင်ငံ မဲဆိုင်မြို့သို့ တင်ပို့ရောင်းချခဲ့ပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နယ်စပ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းကြောင့် မဲဆိုင်မြို့သို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိေသာ်လည်း တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့ကြီးများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
အောင်ကျော်မိုး(ပြန် /ဆက်)


