ကျောင်းကုန်း ၂၅ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက် အသက်ကယ်အင်္ကျီများကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဧရာဝတီဘဏ် (ကျောင်းကုန်းမြို့နယ်ရုံးခွဲ)မှ လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် ဧရာဝတီဘဏ် (ကျောင်းကုန်းမြို့နယ်ရုံးခွဲ)မှ တာဝန်ရှိသူများက ကျောင်းကုန်းမြို့နယ် ထန်းတပင်အုပ်စုနှင့် လှေကွဲလဟာအုပ်စုတို့မှ ရေလမ်းခရီးဖြင့် အသွားအပြန် ကျောင်းတက်နေသည့် ကျောင်းသား ကျောင်းသူများအား အသက်ကယ်အင်္ကျီ အထည် (၅၀)ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


