ကော့မှူး ၂၅ ဇူလိုင်
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် (၂)သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများထံ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ထောက်ပံ့ငွေများကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့သည်။
(မြို့နယ်ပြန်/ဆက်)


