တီးတိန်   ၂၅  ဇူလိုင်

 

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ Case-318 သည် ရောဂါပိုး နှစ်ကြိမ်ဆက်တိုက် မတွေ့ရှိသဖြင့် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။


အဆိုပါ Case-318 သည် အိန္ဒိယနိုင်ငံမှ ပြန်လာသူ ဟိုင်ကျင်းကျေးရွာနေ အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး ဖြစ်သည်။ 

 

တီးတိန်ပြည်သူ့ဆေးရုံ၌ ယခုလတ်တလောအချိန်တွင် ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး စောင့်ကြပ်ကုသမှု ခံယူလျက်ရှိပြီး ၄င်း၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)