ကံမ ၂၅ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် ဧရာဝတီမြစ်၊ မင်းတုန်းချောင်းနှင့် မဒေးချောင်းများအတွင်း ပြေးဆွဲလျက် ရှိသည့် ကူးတို့ရေယာဉ်များအား သတ်မှတ်ခွင့်ပြုချက်နှင့်အညီ မောင်းနှင်မှုရှိမရှိ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကူးတို့ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စေရေး၊ သတ်မှတ်ခွင့်ပြုထားသည့် မြင်းကောင်ရေ(၂၀)အောက် စက်တပ်ရေယာဉ်ဖြင့် အသုံးပြုမောင်းနှင်စေရေး၊ ရေယာဉ်ကြံ့ခိုင်မှုရှိ မရှိ၊ အသက်ကယ် အင်္ကျီ၊ အသက်ကယ်ဘောဝါးများ သတ်မှတ် အရေအတွက်အတိုင်း တင်ဆောင်ထားခြင်းရှိ မရှိနှင့် ရေယာဉ်ခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်ခြင်းရှိ မရှိတို့ကို မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


