လောက်ကိုင် ၂၄ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။
ထိုသို့ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနိုင်ရေးအတွက် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝင်ပေါက်တို့တွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ စက္ကန့် ၂၀ ကြာ လက်ဆေးစေခြင်း၊ Mask နှင့် Face Shield များ တပ်ဆင်စေခြင်းတို့ ဆောင်ရွက်ပြီးမှသာ စာသင်ခန်းအတွင်းသို့ ဝင်ရောက်ကာ စာသင်ကြားခြင်း၊ စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသားဦးရေ ၂၀ သာထားရှိပြီး တစ်ရက်လျှင် စာသင်ချိန် ၅ ကြိမ်နှင့် လေးနာရီ သင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားလျက်ရှိရာတွင် Grade-10 အတန်းတက်ရောက်သူ ကျား ၆၃ ၊ မ ၄၀ စုစုပေါင်း ၁၀၃ ဦးနှင့် Grade-11 အတန်းတက်ရောက်သူ ကျား ၆၈ ၊ မ ၄၁ စုစုပေါင်း ၁၀၉ ဦးရှိကြောင်း သိရသည်။
ဇော်ဇော်အောင် (ပြန်/ဆက်)


