ညောင်ဦး ၂၅ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မွန်လွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၀၉၆ စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ နီးကပ်နေပြီဖြစ်ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ညောင်ဦးမြို့နယ်တွင် ညောင်ဦးခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲတိုင်းတာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၀၉၅ စင်တီမီတာနှင့် ယနေ့ မွန်းလွဲ ၁၂နာရီခွဲ တိုင်းထွာချက်အရ ၂၀၉၆ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ တဖြည်းဖြည်း မြင့်တက်လျှက်ရှိကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


