ကာမိုင်း   ၂၅   ဇူလိုင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ နှစ်ခြင်းဘုရားကျောင်း၌ ယနေ့‌ နံနက် ၉ နာရီခွဲတွင် ရေဘေးသင့်ပြည်သူများအား တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်းထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့‌ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ကလေးငယ် ၂၇ ဦးနှင့် လူကြီး ၅၆ ဦး စုစုပေါင်း လူနာ ၈၃ ဦးရှိသည့်အနက် နှာစေး/ချောင်းဆိုး ၃၀ ဦး၊ သွေးတိုး ၆ ဦး၊ အရေပြား ၁၅ ဦး၊ ဝမ်းပျက်ဝမ်းလျှော ၁၀ ဦးနှင့် အထွေထွေရောဂါ ၂၂ ဦးရှိပြီး ကာမိုင်းတိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန်‌ ဒေါက်တာအောင်မျိုးထက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးဆိုင်ရာ အသိပညာရပ်များဟောပြောခြင်း၊ တစ်ခါသုံးနှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကလေးငယ်များအား ဗီတာမင်ဓာတ်ပါရှိသည့် အားဆေးများ ဖြန့်ဝေပေးခြင်းနှင့် ကိုယ်ပူချိန် တိုင်းတာ‌ပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ကာမိုင်း ပြန်/ဆက်)