၂၅ ဇူလိုင်

အမေရိကန်နိုင်ငံမှာ  သောကြာနေ့က ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ  ၇၀,၀၀၀ ကျော် နဲ့ သေဆုံးသူ ၁,၀၀၀ ကျော်ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၇၃,၇၉၅ ဦး နဲ့ သေဆုံးသူ ၁,၁၅၇ ဦးရှိတဲ့အတွက် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၄.၁ သန်းနဲ့ သေဆုံးသူ စုစုပေါင်း ၁၄၅, ၃၂၄ ဦးရှိသွားပြီလို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေထဲမှ ၁ ဒသမ ၂၆ သန်းကတော့ ပြန်လည်ကျန်းမာလာကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၁၁ ရက်မှာ နေ့စဉ် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၆၀,၀၀၀ ရှိကြောင်း သိရပါတယ်။

ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ လာမယ့် သီတင်းပတ် သုံးပတ်ကနေ လေးပတ်အတွင်းမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ များလာနိုင်ကြောင်း သိရပါတယ်။ ဇွန်လကုန်ပိုင်းက တစ်နေ့ကို ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၀၀၀ ကျော်ရှိနေပေမယ့် ပြီးခဲ့တဲ့ သုံးရက်မှာ တော့ သေဆုံးသူ ၁,၀၀၀ ကျော်ရှိလာတာကို တွေ့ရပါတယ်။

MDN

ကိုးကား - AFP