လှိုင်းဘွဲ ၂၅ ဇူလိုင်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်က အမှာစကားပြောကြားပြီး လှိုင်းဘွဲမြို့နယ် အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ကျေးရွာအုပ်စု(၈၅)စု၊ အိမ်ထောင်စု ၁၄၄၄၀ စုအတွက် အိမ်ထောင်စု တစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၈၈၈၀၀၀၀၀ အား တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲသို့ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်၊ ဗအိုဝ့်တိုင်းရင်းသား လူမျိုးရေးဝန်ကြီး ဦးခွန်မျိုးတင့်၊ မြို့နယ်အုပ်ချုပ်ရေး ဦးမင်းသိန်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)
09661137200


