လဲချား ၂၅ ဇူလိုင်
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများ အား ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီမှစတင်ကာ ရပ်ကွက်/ ကျေးရွာ အိမ်ထောင်စုများသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်အတွင်း ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၉)အုပ်စုတို့မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၁၆၆)စုအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ဒုတိယအကြိမ်ထောက်ပံ့ပေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ အိမ်ထောင်စု (၁၁၆၆)စုအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)


