ရေတာရှည်  ၂၅  ဇူလိုင်

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့ရှိ အထည်ချုပ်စက်ရုံနှစ်ရုံမှ အလုပ်သမား ၃၀၀၀ ကျော်အား ကိုဗစ်-၁၉  ကာလ ၁၃ ရက်ကြာစက်ရုံများပိတ်ခဲ့ရသည့်အတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ၄၀ နှုန်းပေးအပ်ပွဲကို ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်းက Myanmar Sumec Win Win Co.Ltd စက်ရုံခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကျော်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားတွင် တောင်ငူ မြို့နယ်၊ လူမှုဖူလုံရေးရုံး(ခွဲ)တာဝန်ခံ ဒေါ်တင်စိုးနွယ်က လူမှုဖူလုံရေး အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားပြီး Myanmar Sumec Win Win စက်ရုံမှ အလုပ်သမား ၁၂၁၈ ဦးအတွက် ၂၉၃၇၆၂၅၀ ကျပ်နှင့် ၈၀ ပြားကိုလည်းကောင်း၊ Bago Yoyng Clothing Co.Ltd စက်ရုံမှ အလုပ်သမား ၁၇၉၀ အတွက် ၃၇၉၈၈၇၉၄ ကျပ် နှင့် ၄၈ ပြားကို ဒေါက်တာ ကျော်ကျော်က ပေးအပ်ခဲ့ရာ စက်ရုံတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ကိုလွင်(ဆွာ)