တောင်ကြီး ၂၅  ဇူလိုင် 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ နှင့်ဌာနဆိုင်ရာများ အစည်းအဝေးကို ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလိုအပ်သည်များ ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးတင်စိုးက တောင်ကြီးမြို့ နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ၂၅ ရက်တွင် ကပ်ထား‌ကြေညာရန်နှင့် မဲစာရင်းကို ၁၄ ရက်ကပ်ထားသည့်ဖြစ်ပြီး မဲစာရင်း မပါရှိသူများကို ထပ်မံဖြည်စွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သူရက မဲဆန္ဒရှင်စားရင်များကို တောင်ကြီးမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၅၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၄ စုတို့ကို၂၅ ရက်နေ့တွင် တစ်ပြိုင်တည်း ကပ်ပေးသွားမည်ဖြစ်ကြောင်း၊ မဲပေးနိုင်သည့် မဲဆန္ဒရှင်ပေါင်းမှ တောင်ကြီးမြို့နယ်ပေါ်တွင် လူဦးရေ ၃၀၁၂၉၁ ဦးရှိကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ကော်မတီများက လိုအပ်ချက်များကို ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)