ဒီးမော့ဆို ၂၅ ဇူလိုင်
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းမှ စတင်၍ ဒီးမော့ဆို မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဖွင့်လှစ်ထားရှိသည့် နေရာများတွင် မဲဆန္ဒရှင်စာရင်းကို စတင်ကပ်ထား ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာနေမှုကို ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးကံရွှေနှင့် တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု များအလိုက် သွားရောက်၍ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုများအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဇူလိုင်လ(၂၅)ရက် နေ့မှ သြဂုတ်လ (၇)ရက်နေ့အထိ (၁၄) ရက်ကြာ ကပ်ထားကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကြီးဒဲရယ်


