ပုလဲ   ၂၅   ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင်  နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတစ်ဝန်း လုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို  တတိယအကြိမ် ထောက်ပံ့မှုအနေဖြင့် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀,၀၀၀ ကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း ပုလဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ထံမှ သိရသည်။

 

တတိယအကြိမ် ထောက်ပံ့မှုအနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၁ စုရှိ  အိမ်ထောင်စု  ၃၂,၈၈၀ အတွက်  ထောက်ပံ့ ငွေကျပ် ၆၅၇,၆၀၀,၀၀၀ ကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ထောက်ပံ့ငွေပေးအပ်ရာ တွင်   ဌာနဆိုင်ရာမှအကြီးအကဲများ၊  ဝန်းထမ်းများအပါအဝင် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ  အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့်အတူ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေး လျက်ရှိပါကြောင်း အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဆက်လက်ပြောကြားသည်။

 

ပုလဲမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများကို ပထမအကြိမ်ထောက်ပံ့မှုအနေဖြင့် ရိက္ခာငါးမျိုးကို  အိမ်ထောင်စု ၁၀၂၀၃ စုကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ် ထောက်ပံ့မှုအနေဖြင့် ကျေးရွာအုပ်စု ၅၉ အုပ်စုမှ ကျေးရွာ ၁၉၁ ရွာအတွင်းရှိ အိမ်ထောင်စု ၂၂,၆၇၇ စုအတွက် ငွေကျပ် ၃၄၀,၁၅၅,၀၀၀ ကို ဇုန်လေးဇုန်သတ်မှတ်ပြီး ထောက်ပံ့ပေးပါကြောင်း၊ ယခု တတိယအကြိမ် ထောက်ပံ့မှုအနေဖြင့် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိပါကြောင်း ပုလဲမြို့ နယ်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

 

မွှေးကြူဇင်