ကျောက်တံခါး  ၂၅  ဇူလိုင်

 

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှင့် အသက်သေဆုံးမှုများ မရှိစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဇူလိုင် ၂၅ ရက် နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက်အတွင်း သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကျောက်တံခါးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ပူးပေါင်းကော်မတီများ၊ ပရဟိလူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်၍ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေး ပညာပေးစာစောင်များ ကပ်ခြင်း၊ ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် အသုံးပြုလျက်ရှိသည့် ရေစည်၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ရေပုံး၊ ရေအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်ခဲ့ကြပြီး ပြည်သူများအား ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများနှင့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ကျေးလက်ကျန်းမာရေးဆေးခန်းနှင့် ဆေးရုံများ၊ စာကြည့်တိုက်များ၊ ဌာနဆိုင်ရာရုံးများတွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)