လဲချား  ၂၅  ဇူလိုင်

 

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ရရှိရေးအတွက် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၉)အုပ်စုတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင်များ၏ အမည်စာရင်းကပ်ထားမှုကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ် ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များမှ ကြည့်ရှု စစ်ဆေးခဲ့​သည်။

 

ထိုသို့ စစ်ဆေးရာတွင် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ရက်သတ္တပတ် နှစ်ပတ်ကြာ ကြေညာ ထားရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မဲရုံတည်နေရာများကို ကွင်းဆင်းစစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

လဲချားမြို့နယ်အတွင်း မဲရုံ (၃၆)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း ၃၉၃၇၃ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။

 

လွှမ်းသူနောင် (ပြန်/ဆက်)